33 C
Yangon

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲပင် မကျင်းပရသေးဘဲ လွှတ်တော်အမတ် ၂၈ နေရာ မပြိုင်ဘဲ အနိုင်ရရှိ၊ အနိုင်ရ ကြံ့ဖွတ်ပါတီ၏ လွှတ်တော်အမတ်များ လုံခြုံရေး အထူးဂရုစိုက်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ ပင် မကျင်းပရသေးသော်လည်း လွှတ်တော်အမတ် ၂၈ နေရာကို မပြိုင်ဘဲ အနိုင်ရရှိသွားပြီဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက အမတ်လောင်းအရေအတွက် ၁၀၁၈ ဦး လျှောက်လွှာ တင်သွင်းပြီး အများဆုံးယှဉ်ပြိုင်ဖြစ်ရာ မဲဆန္ဒနယ် ၂၈ ခုတွင် ကြံ့ဖွတ်ပါတီနှင့် ယှဉ်ပြိုင်မည့် အမတ်လောင်း မရှိသည့်အတွက် အလိုအလျှောက် ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ယှဉ်ပြိုင်မယ့်သူမရှိဘဲ ပြည်ခိုင်ဖြိုးက အနိုင်ရရှိတာ စုစုပေါင်း ၂၈ နေရာရှိပါတယ်။ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၁၃ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာကို အနိုင်ရရှိထားတာပါ။ အဲဒီမဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်တွေပဲ အမတ်လောင်း အဖြစ် စာရင်းတင်သွင်းထားလို့ အလိုအလျှောက် အနိုင်ရရှိတာပါ။ အနိုင်ရထားတဲ့ အမတ်တွေအားလုံး မိမိလုံခြုံရေး သတိထားဖို့ နဲ့ နယ်မြေစိတ်မချရရင် နေပြည်တော်ကို လာရောက် နေထိုင်ဖို့ အသိပေးထားတာလည်းရှိတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

ကြံ့ဖွတ်ပါတီက အလိုအလျှောက်ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိသွားသော မဲဆန္ဒ နယ်များတွင် ရွှေကူမြို့နယ်၊ မံစီ မြို့နယ်၊ နောင်မွန်မြို့နယ်၊ မင်းကင်းမြို့နယ်၊ ကောလင်းမြို့နယ်၊ တမူးမြို့နယ်၊ ဘုတလင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကနီမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊​ ရေဦးမြို့နယ် ၊ ရေဖြူမြို့နယ်၊လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မက်မန်းမြို့နယ် ၊မိုးနဲမြို့နယ်နှင့် ကျောက်မဲ မြို့နယ်တို့ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ ရွေးကောက်ပွဲဥပဒေ အခန်း ၉ ၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း ၁ ဦးတည်းသာရှိလျှင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဆိုပါ ကိုယ်စားလှယ်လောင်းများကိုပင် အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၀​ ကျော်မှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီက အများဆုံးဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီက ပြည်သူ့လွတ်တော်တွင် အမတ်လောင်း ၂၆၅ ဦး၊ အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၁၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်တွင် အမတ်လောင်း ၅၆၉ ဦး ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်တွင် ၂၈ ဦး စုစုပေါင်း အမတ်လောင်း ၁၀၁၈ ဦးပါဝင်မည်ဖြစ်သည်။

​စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(တစည) က ကိုယ်စားလှယ်လောင်း ၆၉၄ ဦး၊ သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က ကိုယ်စားလှယ်လောင်း ၆၇၂ ဦး၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်လောင်း ၅၈၄ ဦး၊ ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦး၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ကိုယ်စားလှယ်လောင်း ၄၂၈ ဦး ၊တိုင်း/ပြည် နယ်များတွင် ယှဉ်ပြိုင်မည့် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂ လ ကိုယ်စားလှယ်လောင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article