33 C
Yangon

ဆားလင်းကြီး မြို့နယ်၊ ရေခါးရွာကို စစ်တပ်က စက်တပ်‌လေထီးများဖြင့် ဗုံးများကျဲချမှု နေအိမ်များပျက်စီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသော စစ်တပ်က အောင်ချမ်းစည်ကျေးရွာကို ဝင်ရောက်စီးနင်း၍ ပြည်သူများ ထွက်ပြေးရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် ရေခါးရွာကို စစ်တပ်က စက်တပ်‌လေထီးဖြင့် ဗုံးများကျဲချခဲ့၍ နေအိမ်များပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်း အကြမ်းဖပ်စစ်တပ်က စက်တပ်လေထီးများဖြင့် သမန်းကျား PDF အဖွဲ့ခေါင်းဆောင် ကိုမဲကြီးအိမ်နှင့် ပတ်ဝန်းကျင်ကို ဗုံး ၈ လုံးကျဲချခဲ့ခြင်း ဖြစ်ပြီး ကိုမဲကြီး အိမ်နှင့် အနီးရှိ အိမ်တို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“လူတွေက မထိဘူး ။ အိမ်ရယ် ‌‌‌‌‌‌‌‌‌‌‌၂ လုံးပဲ ထိသွားတယ်။ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၈ ချသွားတာ။ ၄ လုံးကွဲပြီး ၂ လုံး မကွဲဘူး ။ ခပ်ဝေးဝေးတော့ ၂ လုံးကွဲတယ်။ PDF ခေါင်းဆောင် နေအိမ်ကို စက်တပ်လေထီးနဲ့ ဗုံးကျဲချတာ”ဟု ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ အောင်ချမ်းစည်ရွာထဲသို့ ဝင်ရောက်စီးနင်းခဲ့သည့်အတွက် အနီးအနားကျေးရွာများမှ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဝမ်ပေါင်ကုမ္ပဏီတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က အောင်ချမ်းစည်ရွာ၊ ညောင်ပင်ကြီး လျှပ်စစ်ရုံးကို ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဝမ်ပေါင်ကနေထွက်ပြီး အောင်ချမ်းစည်ကို ဝင်မွှေတာ။ ပြီးတော့ ညောင်ပင်ကြီး လျှပ်စစ်ရုံးလည်း ဝင်တယ်။ တခြားရွာတွေတော့ မဝင်သွားဘူး။ အနီးနားက ရွာတွက ဝင်မှာ စိုးရိမ်ပြီး ပြေးကြရတာ”ဟု ဒေသပြည်သူများက ပြောဆိုသည်။

လတ်တလော ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က မြေပြင်စစ်ကြောင်းများ ထိုးနေပြီး အထူးသဖြင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အခြေပြု၍ ပတ် ဝန်းကျင်ကျေးရွာများကို နယ်မြေရှင်းလင်းရေး ဟု အမည်တပ်၍ ဝင်ရောက်စီးနင်းမှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article