33 C
Yangon

စလင်းမြို့ အထက ၁ ကျောင်းတွင် G-10 ကျောင်းသူ ၁ ဦးကို ရည်စားဖြစ်သူနှင့်အပေါင်းအပါများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှု စစ်တပ်နှင့် ကျောင်းအုပ်ကြီး အောင်မြင့်သန်းက ငွေကျပ် သိန်း ၇၀၀ ဖြင့် ကျေအေးပေးရန် ကျောင်းသူမိဘများကို သွားရောက်ညှိနှိုင်း၊ မုဒိမ်းကျင့်သည်ဗီဒီယိုမှာ လူမှုကွန်ရက်တွင် ဆက်လက် ပြန့်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

မကွေးတိုင်း၊ စလင်းမြို့ အထက ၁ ကျောင်းတွင် တက်ရောက်နေသော G-10 ကျောင်းသူကို ရည်စားဖြစ်သူနှင့် အပေါင်းအပါများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုနှင့်ပတ်သက်၍ စစ်တပ်နှင့် ကျောင်းအုပ်ကြီး အောင်မြင့်သန်းတို့က ငွေကျပ် သိန်း ၇၀၀ ဖြင့် ကျေအေးပေးရန် ညှိနှိုင်းနေကြောင်း ပြုကျင့်ခံရသော ကျောင်းသူ၏ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် စလင်းမြို့ပေါ်ရှိ အထက – ၁ ကျောင်းတွင် တက်ရောက်နေသော Grade – 10 ကျောင်းသူကို ရည်စားဖြစ်သူ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိသည်ဟုဆိုကာ ထီးကြီးဘုရားသို့ လိမ်လည်ခေါ်ဆောင်ပြီး အရက်တိုက်၍ အပေါင်းအသင်းများနှင့်အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ထို Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူက ​လည်ပင်းညှစ်ခြင်း၊ ပါးရိုက်ခြင်း၊ ပါးစပ်ကို အတင်းအကျပ် ထိုးပိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ နှိပ်စက်မှုများကြောင့် ကျောင်းသူသည် သတိလစ်မေ့မျောသွားပြီးနောက် ထီးကြီးဘုရားအတွင်းထားရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျောင်းသူကို စလင်း ဆေးရုံ၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း၊ ထိုသို့ အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်သော ဗီဒီယိုကိုလည်း တယ်လီဂရမ် (Telegram) တွင် တင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် မုဒိမ်းပြုကျင့်သော ကျောင်းသား ၁ ဦးနှင့် သူငယ်ချင်းဖြစ်သူ ၃ ဦးကို စလင်းမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော်လည်း အုပ်စုဖွဲ့ မုဒိမ်းမှုကို ဖျောက်ဖျက်နိုင်ရန် စစ်တပ်နှင့် အထက ၁ ကျောင်းအုပ်ကြီး အောင်မြင့်သန်းတို့ ဦးဆောင်ကာ ငွေကျပ် သိန်း ၇၀၀ ဖြင့် ကျေအေးပေးရန် လိုက်လံညှိနှိုင်းပေးနေကြောင်း သိရှိရသည်။

“ကောင်မလေးရဲ့ ရည်းစားဆိုတဲ့ ကောင်ကမွေးနေ့ ရှိတယ်ဆိုပြီး ကျောင်းသူမလေးကို ထီးကြီးဘုရားကို ခေါ်ဆောင်သွားပြီး အုပ်စုဖွဲ့ မုဒိမ်းဝိုင်းကျင့်တေ။ ထီးကြီးဘုရားထဲမှာပဲ အရက်သေစာ သောက်စားပြီး ကျူးလွန်ကျတာ။ အဲအမှုကို အစဖျောက်ဖို့ စစ်ခွေးတွေနဲ့ ကျောင်းအုပ် အောင်မြင့်သန်းက ဦးဆောင်ပြီး ငွေကျပ် သိန်း ၇၀၀ နဲ့ ကျေအေးပေးဖို့ လိုက်ညှိနေတယ်။ အုပ်စုဖွဲ့ မုဒိမ်းမှုမှာပါဝင်တဲ့ ရည်းစားဆိုတဲ့ ကောင်ကပဲ ကျောင်းသား ကျန်တဲ့ကောင် ၃ ကောင်က အပြင်လူတွေ။ ကျောင်းသားမဟုတ်ဘူး” ဟု အထက ၁ ကျောင်းမှ ကျောင်းဆရာမ တစ်ဦးက ပြောဆိုသည်။

ယင်းအမှုမှာ စလင်းမြို့အပြင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသဖြင့် ကျူးလွန်သူများ၏ မိဘဆွေမျိုးများက စစ်တပ်နှင့်ကျောင်းအုပ်ကြီးကို ချည်းကပ်ကာ ကျေအေးပေးရန် လိုက်လံညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ မုဒိမ်းကျင့်သော ကျောင်းသားက တယ်လီဂရမ်တွင် ဖြန့်ခဲ့သော ဗီဒီယိုမှာ ဆက်လက် ပြန့်နေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article