33 C
Yangon

ဆောမြို့နယ်တွင် အသက်မပြည့်သေး သည့် မိန်းကလေးငယ် ၁ ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်သည့် မင်းမင်းစိုးကို NUG ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရရှိ၊ ပြည်သူများက သေဒဏ်အပြစ်ပေးရန် ချီတက်တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

မကွေးတိုင်း၊ ဆောမြို့နယ်တွင် အသက်မပြည့်သေး သည့် မိန်းကလေးငယ် ၁ ဦးကို မုဒိမ်းကျင့်ပြီး အလောင်းဖျောက်သည့် အမျိုးသား ၁ ဦးကို NUG ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရရှိကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆောမြို့တွင် အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးက ၁ နှစ်အတွင်း အသက် မပြည့်သေးသည့် မိန်းကလေး ၂ ဦးကို မုဒိမ်းကျင့်ခဲ့ပြီး မိန်းကလေးငယ် ၁ ဦးကို သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့က ဆောမြို့၊ သီရ(ရတနာ) ရပ်ကွက်တွင်နေထိုင်သော အသက် ၁၃ နှစ် အရွယ် မိန်းကလေးတစ်ဦးကို မိသားစုဝင်များနှင့် ရင်းနီးသည့် အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးက နေအိမ်မှ ခေါ်ထုတ်သွားခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးငယ်မှာ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ အောက်တိုဘာလ ၂၅ ရက် နေ့ တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသော ပုပ်ပွနေသောရုပ်အလောင်းကို ဆောမြို့ဆေးရုံဝန်းထဲရှိ အခန်းတစ်ခုတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မုဒိမ်းကျင့် လူသတ်သည့် ကျူးလွန်သူတရားခံကို လိုက်လံရှာဖွေရာ မင်းမင်းစိုးကို ဆောမြို့နယ်အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူမင်းမင်းစိုးကိုယ်တိုင်ကလည်း အဆိုပါ မိန်းကလေးအား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့သည်ကို ဝန်ခံထွက်ဆိုထားကြောင်း သိရှိရ သည်။

“ဒီကောင်က ပထမအကြိမ်ဖြစ်စဉ်အမှုတစ်ခုရှိတယ်။ ဒီလိုပဲ အသက်အရွယ်မပြည့်သေးတဲ့မိန်းက လေးတစ်ယောက်ကို ဖျားယောင်းသွေးဆောင်ပြီးတော့မှ ကာမလိမ်လည်ရယူမှုဆိုတဲ့ပုံစံမျိုးပေါ့၊ အဲဒီအမှုနဲ့တိုင်ထားလို့ ဖမ်းဆီးထားတာ၊ အဲဒီလို ဖမ်းဆီးထားတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက် သွားပြီးတာ၊ အဲလိုလွတ်မြောက်သွားပြီးတော့ အခုလက်ရှိ ဒုတိယအမှုထပ်ကျူးလွန်တာ။ အခု ဒုတိ ယအမှုကတော့ လူသတ်မှုရယ်၊ မုဒိမ်းကျင့်မှုရယ် တွဲပါလာတာ၊ ဒါက ကနဦးစစ်ဆေးချက်အရပဲ ရှိသေးတာ။” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ပထမအကြိမ် မုဒိမ်းမှု ကျူးလွန်သည့်အမှုမှာ ၂၀၂၅ ခုနှစ် ဇွန်လပိုင်းအတွင်းဖြစ်ပွားခဲ့ပြီး မိဘများကိုယ်တိုင် တိုင်ချက်ဖွင့် ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် လူသတ် မုဒိမ်းကျင့်သည့် တရားခံ မင်းမင်းစိုးကို NUG အစိုးရ၊ ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖက ဖမ်းဆီး စစ်ဆေးနေပြီး အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို အကြိမ်ကြိမ် မုဒိမ်းမှုကျူးလွန်ခဲ့ သည့် မင်းမင်းစိုးကို သေဒဏ်ပေးပါရန် ဒေသနေပြည်သူများက ဆန္ဒထုတ်ဖော်ကာ တောင်းဆို လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – မုဒိမ်းလူသတ် တရားခံ မင်းမင်းစိုး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုဒိမ်းလူသတ် တရားခံ မင်းမင်းစိုး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article