ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်သမ္မတထရမ့်ထံသို့ မြန်မာ့အရေု အကူအညီပေးပါရန် တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာကို ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးမှတဆင့် အောက်တိုဘာ ၂၂ ရက်နေ့တွင် အမေရိကန်အစိုးရထံသို့ ပေးပို့ခဲ့ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမေရိကန်သမ္မတမှာ ဂျပန်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက် ကြီးမားကျယ်ပြန့်လာနေသည့် အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးတင်ပို့ဖြန့်ချိမှု ၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အရေးယူမှုပေးရန် တောင်းဆိုထားသည်။
“အကြမ်းဖက် အာဏာသိမ်းမင်းအောင်လှိုင်တို့ စစ်အုပ်စုလက်ထက်မှာ တိုးပွားများပြားလာနေတဲ့ ကျားဖြန့်၊ မူးယစ်ဆေးဝါးတင်ပို့ဖြန့်ချိမှု ၊ လူကုန်ကူးမှုတွေဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်လာရောက် ထိခိုက်နေတဲ့အတွက် ထရမ့်အစိုးရအနေနဲ့ အရေးယူမှု လုပ်ဆောင်ဖို့ မြန်မာပြည်သူတွေဘက်မှာ ရပ်တည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီအပြင် အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဘန်ဒေါင်းသဘောတူညီချက်ချိုးဖောက်ပြီး မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ကာ တော်လှန်ရေ းအင်အားစုများအား အလွန်အကျွံ ဖိအားပေးနေမှု ၊ အကြမ်းဖက်စစ်တပ်အပေါ် ထောက်ခံအားပေးကူညီနေမှုတွေကို ရပ်တန့်သွားအောင် ထရမ့်အစိုးရအနေနဲ့ အတိုင်းအတာ တစ်ခုအထိလုပ်ပေးဖို့ မျှော်လင့်ပါတယ်”ဟု အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်ခဲ့သည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အမေရိကန်သမ္မတ ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာအပြည့်အစုံကို https://www.facebook.com/share/p/16eWAz2qi5/ တွင် ဝင်ရာက်ဖတ်ရှုနိုင်ကြောင်း သိရှိရသည်။
အမေရိကန်သမ္မထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်အရပ်အကုန်လုံးကို ရှင်းလင်းပြသထားပြီး အမေရိကန်အနေဖြင့် NUG အစိုးရကို အသိအမှတ်ပြုရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အကူအညီပေးရန်၊ မြန်မာစစ်အုပ်စုအပေါ် ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်၊ မြန်မာနိုင်ငံမှ စစ်တပ်၏ ကျူးလွန်မှုများအတွက် ICC တရားရုံးအပါအဝင် နိုင်ငံတကာဥပဒေများဖြင့် အရေးယူနိုင်ရေး ထောက်ပံ့ကူညီပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန်၊ မြန်မာနိုင်ငံသို့ စစ်ရေးဆိုင်ရာ အကူအညီများ မရောက်ရှိစေရေး အပါအဝင် ဒေသတွင်းလုံခြုံရေးကို တိုးမြှင့်ရန်၊ မြန်မာအပေါ် တရုတ်နိုင်ငံ၏ ဖိအားကို တားဆီးပေးရန် တို့ပါဝင်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




