23 C
Yangon

ဂျပန်နိုင်ငံ တိုကျိုမြို့အမေရိကန်သံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာပြည်သူများက မြန်မာ့အရေးကူညီပေးရန် အမေရိကန်သမ္မတကို တောင်းဆို

Must read

ရန်ကုန်‌၊ အောက်တိုဘာ ၂၇

ဂျပန်နိုင်ငံ တိုကျိုမြို့အမေရိကန်သံရုံးရှေ့တွင် ယနေ့ ဂျပန်သို့ရောက်ရှိလာသည့် အမေရိကန်သမ္မတ ထရန့် ကို အကြမ်းဖက် ဖက်ဆစ်အာဏာသိမ်းအဖွဲ့ အနိုင်ကျင့် သောင်းကျန်းနေခြင်းများကို ရပ်တန့်စေရေး အကူအညီပေးပါရန် ဂျပန်ရောက် မြန်မာနိုင်ငံသားများက စုပေါင်းတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံ၌ စစ်တပ်၏ ပြည်သူအပေါ် ရက်စက်ယုတ်မာမှုများ၊ အကြမ်းဖက်မှုများ ရပ်တန့်သွားစေ‌ရေး၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့အရေးကို ပိုမိုထိရောက်စွာ အလေးထား ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်း တောင်းဆိုမေတ္တာရပ်ခံ အကူအညီတောင်းခံလှုပ်ရှားမှုအစီအစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

photo – Htay Thit

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article