28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွင်း တက်ခွင့်မပေးဘူးလို့ အာဆီယံက ဆက်လက် ပိတ်ပင်လို က်တဲ့အပြင် ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုတွေအရင်ရပ်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံညှိနှိုင်းရေးတွေ လုပ်ရမယ်လို့ အသိပေးလိုက်ပါတယ်။
  • ရန်ကုန်တိုင်းက ကိုကိုးကျွန်းမြို့ကို အကြမ်းဖက် စစ်တပ်ကနေ ဝန်ကြီးချုပ်ရာထူးပြောင်းထားတဲ့ ညိုစောက သွားရောက်မဲဆွယ်ပြီး ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်အောင် သူသာလျင် ဆောင်ရွက်ပေးနိုင်တယ်ဆိုပြီး ပြောဆိုလာပြန်တယ်လို့ ကိုကိုးကျွန်းမြို့နယ်နေ မြို့မိမြို့ဖတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် မြဝတီမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF တပ် ထိန်းချုပ်ထားတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ KK Park ကို စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့ကပဲ ၄ ရက်ဆက် တိုက် ဗုံးဖောက်ခွဲတာတွေလုပ်နေပြီး အဲ့ဒီ့က ဗုံးစတွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းကိုပါ လွှင့်စင်မှုတွေ ရှိနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article