ရန်ကုန်၊ ဇူလိုင် ၃
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ဆွီဒင်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများက ဇူလိုင် ၂ ရက်နေ့တွင် ဆန္ဒပြကြသည်။
ဆန္ဒပြပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သေဒဏ်ချမှတ်ခြင်း ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး ကြွေးကြော်ကြပြီး ကျေးရွာများကို မီးရှို့ကာ ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေသော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချရန်၊ မြန်မာနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမျိုးမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများကိုသာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရန်၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးမှုမျိုးအား အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံကာ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေး အစီအစဉ်များ အရေးပေါ် အမြန်ဆုံး လုပ်ဆောင်ပေးစေရန် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုကြသည်။