ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ဆန္ဒတွေ၊ အမြန်ဆုံးပြည့်၀စေဖို့ ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပြုပြောဆိုလိုက်ပါတယ်။
- မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ဟာ မင်းအောင်လှိုင် မိသားစုနဲ့ စီးပွားဘက်ဖြစ်သလို အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်ပြီး ဝါဒဖြန့်ရုပ်ရှင်ကားတွေ ရိုက်ကူး ထုတ်လုပ်ဖြန့်ချိကာ ပြည်သူလူထုကို အဆိပ်ခပ်နေတဲ့ အဆိပ်ပင်ဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
- အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလမှာ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ကာ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) က စစ်တမ်းကောက်ယူခဲ့ရာမှာ ပြည်သူ ၉၉ ရာခိုင်နှုန်းက အကြမ်းဖက်စစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ဖြေဆိုခဲ့ပြီး ၉၈ ရာခိုင်နှုန်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဘူးလို့ ဖြေဆိုခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




