27 C
Yangon

မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းတွင် စစ်တပ်သတင်းပေးနှင့် မူးယစ်ဆေးရောင်းဝယ်သူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းတွင် စစ်တပ်နှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ဆောင်နေသူ ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းရှိ မြင်လူလန်းဆိုင်တွင် အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းပြီး သတင်းပေးနေသူများလည်းဖြစ်၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေး လုပ်ဆောင်နေသူ ၃ ဦးတို့ကို သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် မောင်မနီ (ခေါ်) ကလား နှင့် အပေါင်းအပါ ၂ ဦး လုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ည ၁၀ နာရီ ၃၃ မိနစ်မှာ မော်လမြိုင်မြို့ စျေးကြိုအဝိုင်းက မြို့ရှောင်လမ်းနား မြင်သူလန်းဆိုင်မှာ ဒလန် ၃ ကောင် အပစ်ခံရပြီး သေဆုံးတယ်။ ပစ်ခံရတဲ့ ၃ ကောင်က WY တွေကို စစ်ခွေးတွေနဲ့ ငွေပေးယူလုပ်နေတဲ့သူတွေပါ။ သေဆုံးသူ ၃ ကောင်ထဲမှာ မောင်မနီ (ခေါ်) ကလား အမည်ပဲသိရတယ်။ ကျန် ၂ ကောင် အမည်တော့ မသိရသေးဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Mon State Revolutionary Force – MSRF နှင့် ရာမညမွန်တပ်တော် (RMA) တို့က ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်လက်အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ – မော်လမြိုင်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မော်လမြိုင်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article