30 C
Yangon

ကနီမြို့နယ်၊ ဝင်မနားရွာဆေးရုံကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပစ်ခတ်မှု ဆေးရုံ ဝန်ထမ်းနှင့် လူနာများအပါအဝင် ၈ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားရွာဆေးရုံကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပစ်ခတ်ခြင်းကြောင့် ဆေးရုံ ဝန်ထမ်းနှင့် လူနာများအပါအဝင် ၈ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ယင်းမာပင်မြို့နယ် တော်လှန်ရေး တပ်ခေါင်းဆောင် ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ကနီမြို့နယ်၊ ဝင်မနားရွာဆေးရုံကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆေးရုံဝန်ထမ်းနှင့် လူနာများ အပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိတိုက်ခိုက်မှုအတွင်း ဗုံးများသည် ခွဲစိတ်ဆောင်နှင့် လူနာဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ အခုအတည်ပြုနိုင်တာ သေဆုံးသူ ၈ ဦးရှိတယ်။ ထိခိုက် ဒဏ်ရာရတာကတော့ ၂၀ ဦးတော့ သိရတယ်။ စစ်ခွေးတွေက စက်တပ်လေထီးနဲ့ ဗုံးကျဲသွားတာပါ။ ဗုံး ၁ လုံးကတော့ ခွဲစိတ်ခန်းပေါ်ကျတယ်။ နောက် ၁ လုံးကတော့ လူနာဆောင်ပေါ်ကျတယ်လို့ သိရတယ်” ဟု ယင်းမာပင်မြို့နယ် တော်လှန်ရေး တပ်ခေါင်းဆောင် ဗိုလ်သံမဏိက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အရပ်သားပြည်သူများ လူစုလူဝေး ရှိနေသော နေရာများကို ပစ်မှတ်ထား ဗုံးကျဲ သတ်ဖြတ်နေခြင်းကြောင့် ပြည်သူများ လေကြောင်း အန္တရာယ် ဂရုပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article