27 C
Yangon

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ် အထိုင်ချနေသော နေရာနှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး အပါအဝင် ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် အထိုင်ချနေသော နေရာနှင့် ကင်းပုန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး အပါအဝင် ၄ ဦးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ဦးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းမှ စစ်သား ၂၀ ခန့် သည် ရွှေဘို-မန္တလေး လမ်းပိုင်း တဂဏန်းရွာထိပ်တွင် ဝပ်ကျင်းချ၍ အထိုင်ချနေစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို အထိုင်ချနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အထိနာပြီး ရှားတောကျေးရွာဘက်ကို ထွက်ပြေးသွားကြောင်း သိရှိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တဂဏန်းကျေးရွာအတွင်း နယ်မြေရှင်းလင်းမှု လုပ်ဆောင်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တဂဏန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း မုဒ်ဦးဘက်တွင် တပ်စွဲထားသော စစ်သားများကလည်း ၆၀မမ လက်နက်ကြီး၊ ၈၁ မမ လက်နက်ကြီး များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အဲတိုက်ပွဲမှာ စစ်ခွေးတွေ ဘက်က ဒုတပ်ခွဲမှူး အပါအဝင် ၄ ဦး သေဆုံးတယ်။ စစ်ခွေးထိခိုက် သေဆုံးတာ ထပ်တိုးရှိနိုင်ပါတယ်။ စစ်ခွေးတွေကို မနက်အစောပိုင်းမှာ ကားနဲ့လာကယ်ထုတ်သွားတာပဲသိရပါသေးတယ်” ဟု ရွှေဘိုမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး အပါအဝင် ၄ ဦး သေဆုံးပြီး ပကဖ ရဲဘော် ၁ ဦး ​မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြို့နယ် ပကဖ တာဝန်ခံ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ် (PDO) တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၁၊၂၊၃၊၅)ပကဖတိုက်ခိုက်ရေးအဖွဲ့များနှင့် နယ်‌မြေခံ ပကဖများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေဘိုမြို့ တောင်ဘက်ရှိ ရွှေဘို-မန္တလေးလမ်းပိုင်းကို ၁ လကျော်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေဘိုမြို့နယ် ပကဖ အဖွဲ့ဝင် ရဲဘော် ၇ ဦး မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article