ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ် နှင့် ရခိုင်-ဧရာ၀တီအစပ် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အလံဖြူထောင် အလင်းဝင်သူ၊ ဖမ်းဆီးရမိသူ နှင့်ထွက်ပြေးလာသူ တပ်ဖွဲ့ဝင် ၇၁ ယောက်ကို AA က ဖမ်းဆီးရရှိထားတယ်လို့ AA က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
- အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒ ပြခဲ့ကြတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် အပါအဝင် သရုပ်ဆောင်တွေကို စစ်တပ်ရဲ့ အတု အယောင် ရွေးကောက်ပွဲအတွက် မဲပေးဖို့ နှင့် ထောက်ခံပါဝင်ဖို့ လှုပ် ရှားမှုတွေမှာ ပါဝင်ခိုင်းပြန်ပါတယ်။
- ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သတင်းကို လိုက်လံ စုံစမ်းနေတဲ့ မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ရဲဇင်မင်းသူကို ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




