ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့က ABSDF အပါအဝင် PDF တပ်တွေကို KIA က စစ်ရေး ကူညီပေးမှာဖြစ်တယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို အတည်ပြု ပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်တပ်ထိန်းချုပ်ထားရာ စစ်တပ်မြို့လိုဖြစ်နေတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်မှာတင် ရွှေဆိုင် ဓားပြတိုက် ပစ်ခတ်မှု ဖြစ်ပွားပြီး ဆိုင်ဝန်ထမ်း ၁ ဦးသေသွားတဲ့အပြင် ဓားပြတိုက်သူ ၁ ဦးကိုပါ လက်နက်နဲ့အတူ ဖမ်း ဆီးရရှိထားတယ်လို့ ရဲသတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက ရွှေက္ကိုလ် ကျားဖြန့်ငွေလိမ် မြို့သစ် ထူထောင်ခဲ့သူလည်းဖြစ် ၊ မြန်မာ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူရဲ့ ကိုးကွယ်ရာလည်း ကျားဖြန့်ငွေလိမ်ခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းနိုင်ငံက တရုတ်နိုင်ငံဘက်ကို ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ ပြန်ပို့လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




