မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆ တပ်ရင်းမှ တပ်သားဟိန်းထက်လင်းက ၎င်း၏ လက်နက်အပြင် ကင်းအတူတူတာဝန်ကျနေသည့် တပ်ကြပ်ကြီး၏ လက်နက်ကိုပါ ယူဆောင်္ငလာပြီး လက်နက် ၂ လက်နှင့် အတူ အလင်းဝင်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီခန့်က ရေစကြိုမြို့နယ် ခလရ၂၅၆ တပ်ရင်းမှ တပ်သား ဟိန်းထက်လင်းသည် ခလရ ၂၅၆ လုံခြုံရေးဂိတ်တွင် ကင်းတာဝန်ကျနေစဉ် ၎င်းကိုင်ဆောင်သည့် MA1 အမျိုးအစား သေနတ် တစ်လက်အပြင် ကင်းအတူကျနေသည့် တပ်ကြပ်ကြီး၏ MA3 အမျိုး အစား လက်နက်ပါ ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း သိရသည်။
“သူက စစ်မှုထမ်းခေါ်လို့ သူ့သဘောနဲ့သူဝင်လာပြီး တပ်သားအဖြစ် ဝင်လုပ်တာ၊ စစ်မှုထမ်း အပတ် စဉ် ၃ လို့ သိရတယ်။ ရေစကြိုရောက် တာ တစ်နှစ်ကျော်ပြီ။ အစောကြီးကတည်းက ချိတ်ဆက်ပြီး တော့ ဝင်လာတာပါ။ နှစ်ဦးနှစ်ဖက်လုံခြုံတဲ့နေရာကို ချိန်းပြီးတော့ သွားခေါ်ခဲ့တာပေါ့၊ လက်ရှိကတော့ ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်ပေးထားတယ်။ လောလောဆယ်တော့ လုံခြုံတဲ့နေရာမှာပဲ အေးဆေး နားချင်သေးတယ်ဆိုလို့ လုံခြုံတဲ့နေရာမှာ ပို့ထားတယ်။ နောက်ပြီးတော့ သူလုပ်ချင်တဲ့ဆန္ဒတွေကို အကုန်လိုက်လုပ်ပေးသွားမှာပါ။” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာသည့် တပ်သား ဟိန်းထက်လင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) မှ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“စစ်မှုထမ်းတပ်သားဖြစ်ဖြစ်၊ စစ်သားတွေပဲဖြစ်ဖြစ် ပြည်သူ့ထံကို ယုံယုံကြည်ကြည်နဲ့ဝင်ခဲ့ကြပါ။ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကာကွယ်ရေးတပ်တွေဘက်ကို ယုံယုံကြည်ကြည်နဲ့ ဘက် ပြောင်းခိုလှုံဖို့ တိုက်တွန်းချင်ပါတယ်။ လက်နက်ပါရင်တော့ အကောင်းဆုံးပေါ့။” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




