31 C
Yangon

မောတောင်မြို့ အသိမ်းခံရခြင်းနှင့် စစ်ရေးအရ အရှုံးများစွာ ကြုံနေရသော ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ဖိအားပေးနေပြီး စစ်ရေးအသာမရလျှင် တိုင်းမှူးရာထူးဖြုတ်ခံရမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သော မောတောင်မြို့ကို ပြန်လည် သိမ်းယူရန် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ဖိအားပေးထားပြီး မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိပါက တိုင်းမှူးရာထူးမှ အဖြုတ်ခံရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၄၃ ဦးနှင့် လက်နက်ခဲယမ်းအများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

မောတောင်မြို့ သိမ်းပိုက်ခံရပြီးနောက် စစ်ရေးအတွက် အဓိကတာဝန်ရှိသော ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ထုချေလွှာတင်ပြခိုင်းပြီး မောတောင်မြို့ကို ချက်ချင်းပြန်လည် သိမ်းယူနိုင်ရေးဆောင်ရွက်ရန် စေခိုင်းထားကြောင်း၊ အကယ်၍ မောတောင်မြို့ကို ပြန်လည် သိမ်းယူနိုင်ခြင်းမရှိပါက တိုင်းမှူးရာထူးမှ အဖြုတ်ခံရမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးစဉ်ကလည်း ကမ်းရိုးတန်းတိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်မှာ ထုချေလွှာ တင်ပြခဲ့ရကြောင်း၊ ထို့ပြင် မေလ ၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဗျူဟာကို စစ်တပ်က လက်လွှတ်ခဲ့ရပြီး KNLA က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

“ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ သူက အရင်တုန်းက ဥစထ ကျောင်းအုပ်ကြီးပေါ့။ သူက ဇာတိက ရခိုင်သားဗျ၊ ရသေ့တောင်ဇာတိ။ သူက ဘာဖြစ်လဲဆိုတော့ မောတောင် ၊ တနင်္သာရီက နယ်စပ်မြို့လေး ထားတဲ့ လုံခြုံရေးအင်အားလျော့တယ်ပေါ့နော်။ အင်အားနည်းတယ်။ တိုက်ခိုက်တဲ့ အချိန်ကလည်း ၃ ရက် ၊ ၄ ရက်လောက်ရှိရက်သားနဲ့ ပစ်ကူစစ်ကူထိထိရောက်ရောက်မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူ့ကို အရေးယူခံရမယ့် အနေအထားမျိုးရှိတယ်။ ပြီးရင် သူက ပထမတစ်ခါမှာ စအခ ၁၃ ဒု စအခမှူးပေါ့နော်။ လမ်းမှာ ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရတာ ရှိတယ်။ အဲဒီအတွက် အစာအကျေဘူးပေါ့။ အဲဒါကြောင့်မို့လို့ သူ့ကို အရေးယူမယ့် အနေအထားမျိုးဖြစ်နေတယ်။ ဒါပေမဲ့လည်း ဒီဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ပစထ ၂ ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတုန်းကလည်း တောင်ခမ်းဘက်အထိ သူ သွားပြီးတော့ စစ်မျက်နှာထိုင်လိုက်ရသလို သူ့အနေနဲ့လည်း တစ်ခုခု လုပ်ပြရတော့မယ်။ သူ မောတောင်ကို ပြန်ယူမလား ၊ ဒီဘက် သူတို့ တနင်္သာရီတိုင်းထဲမှာ ဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတဲ့ မြို့နယ် မပါဘူးပေါ့နော်။ အဲဒီတော့ ကွက်ပြည့်နင်းနိုင်မလား။ အဲဒီလို အနေအထားမျိုး ကြုံနေရတယ်လို့ သိရပါတယ်။ နည်းနည်းတော့ ပြုတ်စော်တော့ နံသွားပြီ။ ဒါပေမဲ့ သူ မောတောင်ကို ပြန်ယူနိုင်မလား အာမခံနိုင်မှု ရရင်တော့ သူ့ စစ်တိုင်းမှူး နေရာ မြဲမယ်ပေါ့ ၊ မဟုတ်ရင် ပြုတ်မယ့် အနေအထားမျိုးလို့ ကြားသိနေရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက သတိ ပေးမှုများရှိနေသည်မှာ မှန်ကန်ကြောင်း၊ သို့ ရာတွင် တိုင်းမှူးက စစ်ခေါင်းဆောင် မင်းအောင် လှိုင်ကို သစ္စာခံသူဖြစ်သည့်အပြင် တိုင်းရင်းသားလည်းဖြစ်ခြင်းကြောင့် စစ်ခေါင်းဆောင်က သ ဘောကျ သူဖြစ်ကြောင်း၊ အပြောင်းအလဲ ဖြစ်နိုင်၊ မဖြစ်နိုင်မှာ တိုင်းမှူးအနေဖြင့် နေပြည်တော်စစ်ရုံးက စိတ်ကျေနပ်စေမည့် စစ်ရေး ရလဒ်များ ပြန်လည် ဖော်ဆောင်ရန် လိုအပ်ကြောင်း သုံး သပ်ပြောဆိုသည်။

“သူ့ကိုတော့ နောက်ဆုံးသတိပေးခြင်းနဲ့ နောက်ဆုံးအခွင့်အရေး ပေးတဲ့သဘောတော့ရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article