ရန်ကုန်၊ နိုဝင်ဘာ ၁၇
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဆိုင်ကယ် ၅ စီးဖြင့် ကင်းပတ်ရန် ထွက်လာသော စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးနှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ပေါက်ခေါင်းမြို့နယ်၊ တည်ပင်ကျေးရွာရှိ စစ်တပ် အထိုင်စခန်းမှ စစ်သားများသည် ဆိုင်ကယ် ၅ စီးဖြင့် တာကောက်ရွာ၊ ဗောဓိကုန်းရွာနှင့် သိုက်ချောင်းရွာတို့ကို ကင်းပတ်ရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက တညီပင်ကျေးရွာနှင့် သိုက်ချောင်းရွာ အကြားတွင် ကင်းပုန်းဝပ်ပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျည်ဘောက် ၁ ခု ၊ ကျည်တချို့နှင့် ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
“ပေါက်ခေါင်းမြို့နယ် တည်ပင်ကျေးရွာ စစ်ခွေး အထိုင်စခန်းကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ ဆိုင်ကယ် ၅ စီးပါ စစ်ခွေး ၉ ကောင်ကို ကျနော်တို့ ရဲဘော်တွေက တညီပင်ရွာနဲ့ သိုက်ချောင်းရွာ အကြား မှာ ကင်းပုန်းဝပ်ပြီး လက်နက်ငယ်တွေ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင်သေပြီးတော့ ၂ ကောင်ဒဏ်ရာရတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





