ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ မောတောင် မြို့ကို ပြန်လည် သိမ်းယူဖို့အတွက် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ဖိအားပေးထားပြီး မြို့ကို ပြန်လည် မသိမ်းပိုက်နိုင်ရင် တိုင်းမှူးရာထူးကနေ အဖြုတ်ခံရမယ်ဆိုပြီးပြောထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် နတ္တလင်းမြို့နယ် တို့မှာ စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် လူလိုတယ်ဆိုပြီး လူငယ်တွေကို ညတွင်းချင်းလိုက်လံ ဖမ်းဆီးကာစစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဖမ်းဆီးခံလူငယ်တွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မကွေးတိုင်း၊ ကံမမြို့အဝင်မှာ KTV ကနေ ကားနဲ့ ပြန်လာတဲ့ ပျူစောထီး ခေါင်းဆောင် အောင်ဝင်း အပါအဝင် ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးလုံးသေဆုံးခဲ့တယ်လို့
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




