31 C
Yangon

ကနီမြို့နယ်၊ မင်းအိုရွာ အနီးသို့ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းအိုရွာ အနီးသို့ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကနီမြို့နယ်၊ မင်းအိုကျေးရွာအနီးသို့ တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်လေယာဉ်များမှာ မိတ္တီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းမှ တက်လာခြင်း ဖြစ်ပြီး ပြည်သူများနေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးများ ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်းအိုရွာအနောက်ဘက်၊ မြေဆင်းကုန်းတောင်ဘက် ကို ဗုံးပစ်ခတ်ကျဲသွားတာပါ။ ကျဲချတာက ဗုံး ၅ လုံးကျဲချတာ။ ယာခင်းမှာ နှမ်းရိတ်နေတဲ့ သရက်ပင်ရွာသူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးတယ်။ အခြားပြည်သူ ၂ ဦးလည်း ဒဏ်ရာပြင်းထန်ပါတယ်။ မြေပြင်မှာ တော့ ဘာတိုက်ပွဲမှ မရှိဘဲကို အကြောင်းမဲ့ လာပစ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာ၁၁ရက် နေ့ကလည်း ကနီမြိုနယ် ဝင်မနား တိုက်နယ် ဆေးရုံကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၅၁ ဦးဒဏ်ရာရရှိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article