31 C
Yangon

မြိုင်မြို့နယ်၊ ကံကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၀၀ နာရီ ၁၁ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ကံကြီးရွာကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်က ကျဲချလိုက်သော ဗုံးမှာ ကံကြီးရွာအလယ်သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် နေအိမ်အတွင်း အိပ်မောကျနေသည့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိကြောင်း သိရှိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ပြီး ဆေးကုသမှုခံယူကာ ဒဏ်ရာအခြေအနေကို ဆက်လက် စောင့်ကြည့်နေရဆဲဖြစ်ကြောင်း၊ ထို့ပြင် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြိုင်မြို့နယ်၊ ကံကြီးရွာ ရွာလယ်ခေါင်ကို စစ်ခွေးတွေက ပြည်သူတွေ ညအိပ်မောကျချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူကလည်း အရမ်းများလည်း ၂၀ လောက်ရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ပါဝင်တယ်။ နေအိမ်တွေလည်း ပျက်စီးတာ ၇ လုံးထက်မနည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က မြေပြင်စစ်ကြောင်းဖြင့်ပါ ကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကာ ထိုတိမ်းရှောင်နေရသူများအနက်မှ အသက် ၉၁ နှစ်အရွယ် အဖိုးအို ၁ ဦး ၊ အသက် ၉၀ နှစ် အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၆၁ နှစ်အရွယ် အဖွားအို ၁ ဦး အအေးမိ၍ နိုဝင်ဘာလလယ်ပိုင်းအတွင်းသေဆုံးခဲ့သည်။

ဓာတ်ပုံ – စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်များ မီးလောင်ပျက်စီးကာ သေဆုံးခဲ့သော ပြည်သူတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်များ မီးလောင်ပျက်စီးကာ သေဆုံးခဲ့သော ပြည်သူတချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article