31 C
Yangon

ဖားကန့် နှင့် ရေတာရှည်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်ခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ ဆိပ်မူရွာကို အကြမ်ဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ဆိပ်မူရပ်ကွက် ၁ နှင့် ရပ်ကွက် ၃ ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂ နှစ်အရွယ် ချိုသန့်လွင်ဆိုသောကလေးငယ်မှာ ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မနေ့ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဆိပ်မူရွာ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၃ ထဲကို ကျရောက်ပါပေါက်ကွဲပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ဝမ်းဗိုက်ထိမှန် သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှာ အသက် ၆၂ နှစ်အရွယ် ဒေါ်ညို၊ အသက် ၃၂ နှစ်အရွယ် ကိုထွန်းသူ၊ အသက် ၃၅ နှစ်အရွယ် မပြုံးပြုံးနှင့် အသက် ၄၅ နှစ်အရွယ် မဌေးဌေးမာတို့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကိုလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် သဖန်းဇင်ကျေးရွာတွင် နေထိုင်သော ဦးမြသိန်း နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင် ဦးမြသိန်း ပွဲချင်းပြီး သေဆုံကော ၎င်း၏ အမျိုးသမီးဖြစ်သူ အပါအဝင် ပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရေတာရှည်မြို့နယ်၊ ဆွာမြို့ အရှေ့ဘက် သဖန်းဇင်ကျေးရွာကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံး ဒဏ်ရာရမှုတွေရှိတယ်။ လောလောဆယ်သိရတာတော့ သေဆုံးတာ ၁ ဦးရှိတယ်။ ဒဏ်ရာရတာ ၄ ဦးရှိတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပစ်ခတ် တိုက်ခိုက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် သဖန်းဇင်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကွမ်းအုံရွာ ၊ လေးအိမ်စု ရွာမှ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်ကလည်း မြေပြင်မှ စစ်ကြောင်းထိုးရန် လုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article