ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သရက်တောရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ် မချမ်းမီမီးအောင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၁၀ နှစ်အရွယ် အမွှာညီအမ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ သရက်တောကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် မချမ်းမီမီအောင်သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမွှာညီ အမဖြစ်သော မယွန်းမီမီအောင်နှင့် မယွန်းမီမီဇော် တို့ ကျော၊ ပေါင်နှင့် ခြေထောက်တို့တွင် ဗုံးစများ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် ၉ နာရီ ၄၀ မိနစ်မှာ အုတ်တွင်းမြို့နယ်၊ သရက်တောကျေးရွာကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးလာကျဲတာ နေအိမ်ပေါ်ကို ဗုံးက တည့်တည့်ကို ကျရောက် ပေါက်ကွဲပြီး အသက် ၁၆ နှစ်အရွယ် မချမ်းမီမီအောင်က ပွဲချင်းပြီးသေဆုံးတယ်။ အမွှာညီအမ ကလေးငယ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယခုနှစ် ဧပြီလ ၁၅ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု သောင်းတန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမျိုးနှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





