31 C
Yangon

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၀၀ နီးပါး အဖမ်းခံရပြီး လူငယ်အများစုပါဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၃၀၀ နီးပါး အဖမ်းခံရပြီး လူငယ်အများစု ပါဝင်နေကြောင်း ထိုင်းနှင့်မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် မြန်မာနိုင်ငံသား ၁၀၀ ဦးနီးပါးကို ၂ ကြိမ် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ကား ၄ စီးဖြင့် တင်ဆောင်လာသော မြန်မာနိုင်ငံသား ၅၈ ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ်မှာမူ သောင်ရင်းမြစ်ကို ဖြတ်ကူးလာသော မြန်မာနိုင်ငံသား ၃၆ ဦးကိုလည်းကောင်း စုစုပေါင်း နိုဝင်ဘာလ ၁၈ ရက်နေ့ တစ်ရက်တည်း ၉၄ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း ၊ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၅၇ ဦးနှင့် အမျိုးသမီး ၃၇ ဦး ပါဝင်ပြီး လူငယ်အများစုပါဝင်နေကြောင်း သိရှိရသည်။

အလားတူ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်တွင် မြန်မာနိုင်ငံသား ၁၇၅ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၄၆၈ ဦး အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှား သတင်းများကဆိုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပါဟန်းပြည်နယ်၊ ကင်မရွန်းဟိုက်လန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးခြံများကို မလေးရှား အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ အော်ပရာစီ ဝင်ရောက် စီးနင်း ဖမ်းဆီးမှုကို မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးချုပ် ဖြစ်သော Datuk Zakaria Shaaban က ဦးစီးပြီး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား ရာနှင့်ချီ အသုံးပြုခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်နေထိုင် အလုပ်ကိုင်မှုဖြင့် မြန်မာနိုင်ငံသား ၁၇၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၇ ဦး၊ နီပေါနိုင်ငံသား ၂၀ ဦး စုစုပေါင်း အခြားနိုင်ငံသား ၄၆၈ ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။

“အခုက ထိုင်းရော မလေးရှားရော စစ်မှုထမ်းရှောင်ကြတဲ့ လူငယ်တွေများတယ်။ ဖမ်းမိရင်လည်း အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေများတယ်။ ထိုင်းရော မလေးရှားရောက ဖမ်းဆီးထောင်ချပြီးရင် စစ်တပ်ဆီကို ပြန်လွှဲတော့ အဖမ်းခံရတဲ့လူငယ်တွေက စစ်မှုထမ်း အခေါ်ခံရတာများပါတယ်။ ထိုင်းမှာ အလုပ်ကရှားတော့ ထိုင်းမှာတင် မနေတော့ဘဲ အောက်လမ်းကနေ မလေးရှားကို ဆက်ကူးကြတာ။ အခု မလေးရှားမှာဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI နဲ့ မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်တဲ့ လူငယ် အမျိုးသားတွေ စစ်မှုထမ်းအဖြစ် အခေါ်ခံရတဲ့ Case တွေလည်း အတော်ကို တက်လာနေပါတယ်။ ” ဟု မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် မြန်မာ အလုပ်သမားများ တရားဝင် ချိတ်ဆက် စေလွှတ်နေသော ပြည်ပအလုပ်အကိုင်အကျိုးဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article