21 C
Yangon

ကြို့ပင်ကောက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဂိတ်စခန်းတွင်ရှိနေသည့် စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကြို့ပင်ကောက်မြို့အဝင် စစ်ခွေးဂိတ်ကို ဝင်ပစ်တာ ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး၊ ရဲ နဲ့ ပျုစောထီး ၅ ကောင်သေတယ်လို့ သိရတယ်။ လက်နက်တချို့လည်း သိမ်းဆည်းရရှိတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းကလည်း ဇီးကုန်းမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ စမ်းရွာရပ် ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ HEAVEN KTV ကို PDF တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KTV အခန်းအမှတ် ၃ ၌ သီချင်းဆိုနေသော စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့လုံ ခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့ (ပလကဖ) အဖွဲ့ဝင် မြင့်နိုင်ဦး၊ ခိုင်ဇော်မြင့်ဦး၊ မျိုးလွင် ၊ မျိုးမင်းအောင် နှင့် ဇော်ကြီး တို့ သေဆုံးခဲ့ပြီး G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ကျည်တောင့် ၈၀ ၊ ၊အီကွေ့မန့် ၂ ခု၊ ဓား ၃ လက်၊ လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article