ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့ပြည်တွင်း ပဲစျေးကွက်မှာ အမေရိကန် ဒေါ်လာသန်း ပေါင်း များစွာ တန် ဖိုးရှိတဲ့ ပဲလောကလိမ်လည် မှုကြီးကို ဖြေရှင်းပေးဖို့အတွက် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ် ချုပ်အောင်ကျော်ကျော်ကို လာဘ်ငွေ ကန်တော့ ကြေး ငွေကျပ်သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေး နှင့်လူမိုက်ဝင်းထွဋ်ဝင်းကို ငွေကျပ်သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင် ငါးစျေးက လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရပေမယ့်လည်း ဖြေရှင်းပေးခဲ့တာမရှိသလို ပြေလည်မှုလည်း မရရှိခဲ့ဘူးလို့ လိမ်လည်ခံရတဲ့ မဟာနဒီထရေးဒင်းကုမ္ပဏီရဲ့ ဒါရိုက်တာ ကိုရဲမင်းလွင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ စစ်တပ်က ကျားဖြန့် အလုပ်ရုံတွေကနေ ဖမ်းဆီးရရှိတဲ့ သက်သေခံပစ္စည်းတွေဖြစ်တဲ့ ဖုန်းနှင့်ကွန်ပျူတာတွေကို စစ်တပ်က လမ်းကြိတ်စက်နဲ့ ဖျက်ဆီးလိုက်တယ်လို့ BGF နှင့်စစ်တပ်က ထိုင်းသတင်းဌာနတွေဆီကို သတင်းဓာတ်ပုံတွေ ပေးပို့ခဲ့ပါတယ်။
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်အုပ်စုရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေး ပါတီ အမတ်လောင်းနေအိမ် နဲ့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ ခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




