32 C
Yangon

ကရင်နီပြည် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းဆရာ၊ဆရာမ ၆ဦးကို ပြန်လွှတ်ပေး

Must read

ရန်ကုန်| ဇူလိုင် ၄

ကယား (ကရင်နီ)ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့က ကရင်နီပြည်ရဲတပ်ဖွဲ့က Non -CDM ကျောင်းဆရာ၊ဆရာမ ၆ဦးကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လက်ရှိမှာ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ ကရင်နီပြည်ရဲတပ်ဖွဲ့ -KSPက ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဒေသခံတွေရဲ့ခွင့်ပြုချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီ ညွန်ကြားမှုအောက်မှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားနေတယ်လို့ ဒေသခံတွေကတိုင်ကြားလာလို့ အခုလို ဖမ်းဆီးစစ်ဆေးမေးမြန်းရတာလို့ KSP ကဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း စာသင်ကျောင်းတွေ ဖွင့်လှစ်မယ်ဆိုရင် သက်ဆိုင်ရာနယ်မြေအတွင်းက ကာကွယ်ရေးအဖွဲ့အစည်းတွေဆီ ဆက်သွယ်အကြောင်းကြားပြီး ခွင့်ပြု့ချက်ရယူရမယ်လို့လည်း ကရင်နီပြည်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်းက ကလေးတွေအားလုံး ပညာသင်ကြားခွင့်ရဖို့အတွက်ပြည်သူ့အခြေပြု့ကျောင်းတွေ၊ ကိုယ်ထူကိုယ်ထကျောင်းတွေမှာလည်း ဆရာ၊ဆရာမတွေ လိုအပ်နေလို့ တတ်နိုင်သမျှ ပူးပေါင်းသင်ကြားပေးကြဖို့ကိုလည်း KSPက တိုက်တွန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article