25 C
Yangon

ကွမ်းခြံကုန်း၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်က NLD ပါတီထောက်ခံသူ အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ယင်းအမျိုးသမီးကို ဖမ်းဆီးခိုင်းကာ တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်က အမျိုးသမီး ၁ ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြုကျင့်ခံရသည့် အမျိုးသမီးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း ပြစ်ဒဏ်ကျခံရသော အမျိုးသမီး၏ မိတ်ဆွများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေပ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဇော်က တစ်ရွာတည်းနေ NLD ပါတီဝန်းရံသူ အမျိုးသမီးကို ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အမျိုးသမီးက တိုင်ကြားရန် ကြိုးစားသောခါ အုပ်ချုပ်ရေးမှူး မြင့်ဇော်နှင့် ဇနီးဖြစ်သူက ယင်းအမျိုးသမီးကို မဲရုံလုပ်ငန်းနှောင့်ယှက်မှုဖြင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ရဲခေါ် ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲနှောင့်ယှက်ဖျက်ဆီးသော ပုဒ်မများဖြင့် အဓမ္မပြုကျင့်ခံရသော NLD ဝန်းရံသူ အမျိုးသမီးကို ထောငဒဏ် ၇ နှစ် တရားရုံးက ချလိုက်ကြောင်း သိရှိရသည်။

“ရွာအုပ်ချုပ်ရေးမှူး ဇနီး ခင်မာသင်းက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ လုပ်တော့ အဓမ္မ ပြုကျင့်ခံရလို့ တိုင်ဖို့ကြိုးစားတဲ့ အမျိုးသမီး ကို မဲရုံကို နှောင့်ယှက်တယ်ဆိုပြီး ဖမ်းခိုင်းတာ။ ပြီးတော့ ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ဖမ်းဆီးပြီး ထောင်ချလိုက်တာ။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက တရားရုံးမှာ သူအဓမ္မပြုကျင့်ခံရကြောင်း တိုင်ကြားပါတယ်။ ဒါပေမယ့် ပြုကျင့်သူ အုပ်ချုပ်ရေးမှူး မြင့်ဇော်ကို အရေးယူတာမရှိပါဘူး။ မုဒိမ်းကျင့်သူကို အရေးမယူဘဲ အနိုင်ကျင့်ခံရသူ ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် မတရားချလိုက်တာပါ” ဟု ပြုကျင့်ခံရသော အမျိုးသမီး၏ မိတ်ဆွေကရှင်းပြသည်။

မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီး၏ ခင်ပွန်း နိုင်ငံခြားရောက်ရှိနေပြီး အမျိုးသမီးမှာ ၂၀၂၀ ရွေးကောက်ပွဲကာလ NLD ပါတီအား ဝန်းရံခဲ့ကြောင်း၊ ယင်းအချက်ကို အုပ်ချုပ်ရေးမှူး မြင့်ဇော်က အကျပ်ကိုင်ကာ PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး စစ်တပ်နှင့် ရဲကို ဖမ်းခိုင်းမည်၊ ပိုင်ဆိုင်မှုများ သိမ်းခိုင်းမည်ဟု ခြိမ်းခြောက်၍ အဓမ္မ မုဒိမ်းကျင့်ခဲ့ကြောင်း ၊ ထို့အပြင် အုပ်ချုပ်ရေးမှူး မြင့်ဇော်က မုဒိမ်းပြုကျင့်ခံရသူ၏ သမီးဖြစ်သူကိုပါ ထပ်မံ ပြုကျင့်ရန် ကြိုးစားလာကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူး မြင့်ဇော်က တောင်ကုန်းရွာသူရွာသားတွေကိုလည်း သူ့ကိုတိုင်ရင် PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်း ခြောက်ထားတော့ တစ်ရွာလုံးက ကြောက်ပြီး ဘယ်သူမှ မပြောရဲ၊ မတိုင်ရဲကြဘူး။ ရွာထဲမှာ သူ့ရဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုကို ခံရတဲ့ တခြားအမျိုးသမီး ၃၊ ၄ ဦးလောက် ရှိပါသေးတယ်။ သူတို့ကတော့ မိသားစု အရှက်ဂုဏ်သိက္ခာကြောင့် ထုတ်မပြောရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ – NLD ပါတီဝန်းရံသူ အမျိုးသမီးကို မုဒိမ်းကျင့်ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရရန် တိုင်ကြားခဲ့သော ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

NLD ပါတီဝန်းရံသူ အမျိုးသမီးကို မုဒိမ်းကျင့်ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရရန် တိုင်ကြားခဲ့သော ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article