ရန်ကုန်၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို ဆက်တိုက်မီးရှို့နေကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာနှင့် ပိတိုင်ရွာ အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲများ လက်ရှိချိန်တွင် ဆက်လက် ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကာ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ပြင်းဖြူကြီးရွာနှင့် ပိတိုင်ရွာ အကြားတွင်ရှိနေသေးကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြင်းဖြူကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဆိတ်ချောင်းရွာသား ၁၀ ဦးကို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းဖမ်းဆီးသွားကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အောက်သရက်ချောင်းကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များနှင့် ဈေးဆိုင်များကို ဖောက်ထွင်း ဝင်ရောက်ကာ တန်ဖိုးကြီး ပစ္စည်းများကို မွှေနှောက် ယူဆောင်သွားကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းက ပြင်းဖြူကြီးရွာနဲ့ ပိတိုင်ရွာ အကြားမှာ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်။ ခွေးစစ်ကြောင်းက အခုထိရွာတွေနားမှာပဲရှိသေးတယ်။ စစ်ရေးကတော့ ဆက်လက်တင်းမာနေတုန်းပဲ” ဟု ဒေသတွင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









