21 C
Yangon

ရေးမြို့နယ်တွင် ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရရှိကြောင်း ရေးဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးက ရေးဘီလူးတပ်ရင်း၏ ရှေ့တန်းစစ်မျက်နှာနေရာသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း၊ ထို့ကြောင့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

“သူတို့မှာ လက်နက်တွေဘာတွေ မပါဘူး။ လူအလွတ်ပဲ ပြေးလာတာ။ တပ်ကနေ ထွက်ပြေးလာရင်းနဲ့ ကျနော်တို့ ရေးဘီလူး စစ်မျက်နှာဖွင့်ထားတဲ့နေရာကို အကူအညီတောင်းခံတာ။ အကူအညီတောင်းခံလာတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ” ဟု ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် ရေးဘီလူးက ရှင်းပြသည်။

ခမရ ၅၈၆ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးမှာ စစ်မှုထမ်းအပတ်စဥ် ၁၂ မှ အသက် ၂၄ နှစ်အရွယ် စစ်မှုထမ်းတပ်သား အောင်သန်းဦး၊ အသက် ၂၉ နှစ်အရွယ် တပ်သားသစ် ရန်နိုင်ဝင်း၊ အသက် ၂၃ နှစ်အရွယ် တပ်သားသစ် ချစ်ထွန်းတို့ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းတွင် လူငယ်များကို စစ်မှုထမ်းအဖြစ်​ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၀ သို့ ရောက်ရှိလာပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article