27 C
Yangon

ချောင်းဦးမြို့နယ်၊ ချောင်းမနားရွာကို စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များစွာ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမနားရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ချောင်းမနားရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၂ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ ဦးခင်မောင်ဝင်း အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စိုးရိမ်ရသူများ ပါဝင်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက Gyrocopter ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပါ။ ပထမကြိမ် ဗုံး ၁ လုံး ကျဲချခဲ့တာ ပြည်သူ ၂ ဦးထိမှန်ခိုက်တယ်။ ၁ ဦးကတော့ ဒဏ်ရာရပြီး ၁ ဦး သေဆုံးတယ်။ ဒုတိယအကြိမ် ဗုံးကျဲတာတော့ သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၈ ဦးထိမှန်ဲဒဏ်ရာရပြီး ၁ ဦးသေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်အရွယ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပြင်းအထန် စိုးရိမ်ရရှိကာ နေအိမ် မီးဖိုဆောင်တစ်ဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article