ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲတွေနဲ့ ဆိုင်းဘုတ်တင်ပွဲတွေမှာ ငွေပေးကာ လူခေါ်ယူတဲ့စရိတ်တွေကို ရွေးကောက်ပွဲအသုံးစရိတ်မှာ ထည့်သွင်းခြင်း မပြုဘူးလို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောပါတယ်။
- စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေနဲ့ ချေးငွေတွေမပေးရေး No New Burma Funds Act ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
- မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ တောင်၀ိုင်းတော်ဖြိုချမှုအပေါ် ဝေဖန်ခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိကို လူဝတ်လဲပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




