ရန်ကုန်၊ ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တောင်သူများထံမှ ဆက်ကြေးလာကောက်သည့် တပ်ကြပ်ကြီး မြင့်လွင်ကို အရှင်ဖမ်းမိပြီးနောက် လိုက်လံကယ်ထုတ်ရန် ကြိုးစားသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၅၀၄ – ရေတာရှည်မြို့နယ် အခြေ စိုက်မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက် ခြမ်းရှိ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသော မြေယာများတွင် သီး စားစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူများထံမှ တပ်ကြပ်ကြီး မြင့်လွင်က အခ ကြေးငွေများ လာရောက်သိမ်းယူကြောင်း သတင်းအရ ရေတာရှည် မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ရဲဘော်များက ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေစဉ် နံနက် ၁၁ နာရီအချိန်၌ ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာတွင် တောင် ပိုင်းတိုင်းစစ်ဌာနချုပ် မှ တပ်ကြီးကြီး မြင့်လွင်ကို လက်ပစ် ဗုံး ၃ လုံး ၊ ၎င်းကိုင်ဆောင်သည့် သက် သေခံကဒ်ပြားနှင့် ငွေသား ၁၂၀၀ ကျပ် ဖုန်း ၂ လုံး ၊ ဒိုင်နာအမျိုးအစား ၁၂ ပေ ကား ၁ စီး နှင့်အ တူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိသည့် တပ်ကြပ်ကြီး မြင့်လွင်ကို စစ်သုံ့ပန်း ဥပဒေ နှင့်အညီ ထိန်းသိမ်းဆောင်ရွက် ထားကြောင်း ရေတာရှည်မြို့နယ်အခြေ စိုက် တပ်ရင်း ၃၅၀၄ က အသိပေးထားသည်။
ထိုသို့ ဖမ်းမိပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာဘက်မှ အင်အား ၄၀ ဝန်းကျင်ဖြင့် ကွမ်းအုံကျေးရွာဘက်သို့လည်း ကောင်း၊ တပခ ၆၀၄ မှ ကားစီးဖြင့် အင်အား ၈၀ ခန့်သည် တခွဲကျဲကျေးရွာဘက်မှ စပါးရိတ်သိမ်းပြီးလယ်ကြားအတိုင်း ကွမ်းအုံကျေးရွာ၊ ဝမ်းမကြီးကျေးရွာဘက်သို့လည်းကြောင်း စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရေတာရှည်မြို့နယ် အခြေစိုက် တပ် ရင်း ၃၅၀၄ နှင့် ရေတာရှည်မြို့နယ်ပကဖ တို့ ပူးပေါင်းကာ မိုင်းများဖြင့် အသင့်ပြင်ဆင်ကာ စောင့် ဆိုင်း၍ ကြားဖြတ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှ ၄ နာရီ ၂၅ မိနစ်အထိ ကြာမြင့်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ၆ ဦးသေဆုံး ၂ ဦးဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်မှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း၊ ထို့အပြင် စစ်သားများအသုံးပြုသော အီနာဂါဗုံးသီး ၁ လုံး ၊ လက် ပစ်ဗုံး ၂ လုံး၊ အီကွေးမန့် ၂ ခု၊ MA11 ကျည်ဘောက် ၁ ခု ၊ ဦးထုပ် ၂ လုံး၊ ၅.၅၆ ကျည် ၈၉ တောင့် တို့ကို လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်းက ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ လက်ရှိမှာ ဖမ်းဆီးတဲ့ တပ်ကြပ် ကြီး ၁ ဦးကို ဘယ်လို ဆက်လက် အရေးယူဆောင်ရွက်သွားမလဲဆိုတော့ စစ်သုံ့ပန်းဥပဒေနဲ့ အညီအရေး ယူဆောင်ရွက်သွားမှာပါ။ မြစ်အနောက်ဘက်ကမ်းထိ ကျွန်တော်တို့စစ်ဆင်ရေးက ရွေးကောက်ပွဲကို လက် လှမ်းမှီသမျှ မရရအောင်ဖျက်မယ်ဆိုတာ စကမကို သတိပေးလိုက်တာပါပဲ”ဟု တပ်ရင်း ၃၅၀၄ – ရေတာရှည်မြို့နယ် အခြေစိုက်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





