31 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်က အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၆ ဦးကိုမုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ခုမှ နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ၁ လတာအတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က မုဒိမ်းကျင့် ဖမ်းဆီး သတ်ဖြတ်မှု ပြည်သူ ၁၆ ဦး သေဆုံးပြီး ကျေးရွာ ၁၀ ခုမှ နေအိမ် ၈၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့်ဒေသခံ ပျူစောထီးများ ပူးပေါင်းပြီး စစ်ကြောင်းထိုးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို မုဒိမ်းကျင့် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၁၉ ဦးရှိကြောင်း၊ ထို့ပြင် ဖမ်းဆီးခံရသော ပြည်သူ ၁၅ ဦး ၊ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါဆုံးရှုံးသူ ၅ ဦး နှင့် မုဒိမ်းပြုကျင့်ခံရသူ ၁ ဦး ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို နိုဝင်ဘာလ အတွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ၊ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ် ၊ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်၊ ဂျိုင်ရိုကောပတာဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာ အပြင် ပြည်သူတွေကို မုဒိမ်းကျင့် ဖမ်းဆီးသတ်ဖြတ်တာ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ပါတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ၁၀ ခု နှင့် စစ်ရှောင်စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၈၅ လုံးနှင့် စစ်ရှောင်တဲအိမ် ၃၀ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများသည် ပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေသောကြောင့် ပြည်သူများအားလုံး လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကို အချိန်နှင့် တပြေညီ ထုတ်ပြန်ကြေညာပေးနေမှုများကို လိုက်နာပေးကြရန် ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article