31 C
Yangon

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်နိုင်သော အွန်လိုင်း Website စတင်လွှင့်တင်လိုက်ပြီး ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြည်တွင် ပြည်ပမှ ပြည်သူများအားလုံး အွန်လိုင်းမှတစ်ဆင့် လုံခြုံစွာ ဆန္ဒဖော်နိုင်သည့် Website တစ်ခုကို စတင်လွှင့်တင်လိုက်ပြီဖြစ်ကြောင်း အဆိုပါ Website ကို ဖန်တီးလိုက်သည့် နယ်စပ်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ခုမှ ရဲဘော်ကျော်ကြီး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ Website တွင် ၀င်ရောက်အသုံးပြုသူများ၏ မည်သည့်အချက်အလက်ကိုမှ မှတ်သားသိမ်းဆည်းထားတာမရှိသောကြောင့် ပြည်တွင်းရော ပြည်ပကပါ လုံခြုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Website တွင် ၀င်ရောက် ကလစ်နှိပ်ခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကာက်ပွဲကို လက်မခံကြောင်း ၀င်ရောက်ပူးပေါင်း ပါ၀င်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

“ဒီ Website ကို ကျနော်တို့ လုံခြုံရေးကို အဓိကထားပြီးလုပ်ဆောင်ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်အပါအ၀င် ဘာအမှတ် အသားကိုမှ မသိမ်းဆည်းထားသလို ပြည်တွင်းပြည်ပက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံသူ အားလုံး ပူးပေါင်းပါ၀င်နိုင်အောင် စီစဥ်ထားပါတယ်။ ပြည်တွင်းဒေသတွေမှာ အင်တာနက်နဲ့ သတင်းအချက်အလက် အခက်အခဲတွေ၊ စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အကြောက် တရားတွေ ရှိနေတာမို့ ရရှိလာမယ့် ကိန်းဂဏန်းတွေဟာ တနိုင်ငံလုံးစာကို ကိုယ်စားပြုနိုင်တဲ့အခြေအနေဖြစ်ဖို့ စိန်ခေါ်ချက်တွေရှိနေသေးတယ်” ဟု ရဲဘော်ကျော်ကြီးက ပြောကြားသည်။

အဆိုပါ Website သို့ ဖုန်း သို့မဟုတ် ကွန်ပြူတာတစ်လုံးဖြင့် တစ်ကြိမ်သာ ၀င်ရောက်မဲပေးနိုင်ပြီး ရရှိလာသည့် မဲနံပါတ်အရေအတွက်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းသိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စီစဥ်ထားသည့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်အချိန်အထိ ကန့်ကွက်မဲအရေအတွက် သိန်းချီရနိုင်မည်ဟု မျှော်မှန်ထားကြောင်း၊ ပြည်သူများ၏ ထင်မြင်ချက်များကိုလည်း ဝက်ဘ်ဆိုက်တွင်လွတ်လပ်စွာ၀င်ရောက်ရေးသားနိုင်ပြီး အတုအယောင်ရွေးကောက်ပွဲကာလတွင် ဖြစ်ပေါ်လာမည့် ဖိနှိပ်မှုများ၊ ပဋိပက္ခများကို ၀င်ရောက်ရေးသားနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အွန်လိုင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် လုံခြုံစွာ ဆန္ဒထုတ်ဖာ်လိုပါက https://mm-sham-elections.vercel.app/ သို့ ဝင်ရာက်နိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article