31 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် မြဝတီမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF နဲ့ DKBA တပ်တွေ ထိန်းချုပ်ထားရာ ကျားဖြန့်အဆောက်အအုံတွေကို စစ်တပ်က ဖောက်ခွဲတာတွေ ၊ သက်သေခံ ပစ္စည်း တွေကို ဖျက်ဆီးတာတွေလုပ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်တပ်က ဥပေဒ ချိုးဖောက် နေတဲ့ အပြင် သူတို့စစ်တပ်က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ အကျိုးအမြတ်ယူ ပါဝင်ပက်သက်ထားတဲ့ သက်သေတွေကို ဖျောက်ဖျက်နေတယ်လို့ ဥပဒေအထောက်ကူပြုကွန်ယက်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရီရီမင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အမေရိကန် အောက်လွှတ်တော်မှာ နိုင်ငံဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြုလိုက်ပြီး မြန်မာစစ်တပ် အပါအဝင် အကျင့်ပျက်အစိုးရတွေရဲ့ ပါဝင်ပတ် သက်မှုကို စုံစမ်းစစ်ဆေးမယ်လို့ အမေရိကန်အောက်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
  • ပဲခူးတိုင်းက ရေတာရှည်မြို့နယ်မှာ တောင်သူတွေဆီကနေ ဆက်ကြေးလာကောက်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ တပ်ကြပ် ကြီး မြင့်လွင်ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းမိထားပြီး ၊ သူ့ကို လိုက် လံ ခေါ်ယူဖို့ ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းကိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၆ ဦး ထပ်သေသွား ပြန်တဲ့ အတွက် စစ်ကြောင်းလည်း ပြန်ဆုတ်ပြေးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article