21 C
Yangon

ဗန်းမောက်မြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်နေရာကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာကိုလည်း စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးများ ကျဲချ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမောက်မြို့နယ် တောင်ပိုင်း၊ သုံးပင်ကျေးရွာအနီး ရွှေလုပ်ကွက် နေရာ ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အရပ်သား ပြည်သူ တစ်ဦးဖြစ်သော အသက် ၃၃ နှစ်အရွယ် ကိုငြိမ်း သေဆုံးခဲ့ပြီး ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများတွင် ပြည်သူ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“မနေ့နေ့လယ်ပိုင်း ဗုံးကျဲသွားတဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး။ အဲဒီမှာ ရွှေတွင်းတွေနဲ့ ပြည်သူတွေပဲရှိတာ။ လက်နက်ကိုင်တပ်ဖွဲ့ တွေ အခြေစိုက်တာမျိုးလည်းမရှိပါဘူး။ အဲဒါကို တမင် ဗုံးကျဲချသွားတာပါ။ ဗန်းမောက်မြို့နဲ့ လည်း အတော်ကို အလှမ်းဝေးတဲ့နေရာပါ” ဟု ဗန်းမောက်မြို့ခံ ရွှေတူးဖော်ရေးလုပ်ကိုင်နေသော ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန် ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ခြမ်း၊ ပဆေးလာကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချသွားကြောင်း၊ လတ်တလော ထိခိုက်ပျက်စီးမှု အခြေအနေ မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“မနေ့က ဗုံးကျဲတဲ့နေရာက လူနေ ထူထပ်မှုရှိတယ်။ ဗုံးကျဲတာက လေယာဉ်က တစ်ခါတည်း ထိုးဆင်းကျဲတာ။ ပထမတစ်လုံးက ။ နောက်တစ်လုံးက လေယာဉ်က တစ်ပတ် ပြန်ပတ်ပြီး ကျဲတာ” ဟု ကရင်နီအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article