32 C
Yangon

ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် သံဃာတော်များ၊ လေဖြတ်ထားသူ၊ ပေါင်ရိုးကျိုးနေသူ အပါအဝင် သံဃာနှင့် လူ ၅ ဦးထက်မနည်းကို ထပ်မံ သတ်ဖြတ်ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လေဖြတ်ထားသူ၊ ပေါင်ရိုးကျိုးနေသူ တို့အပါအဝင် ပြည်သူ ၃ ဦးနှင့် သံဃာတော် ၂ ပါးကိုလည်း သတ်ဖြတ်ထားကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ မိန့်ကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ကျီကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကိုယ်တခြမ်းသေ နေသော သံဃာတော်ကို ပြုစုပေးနေသည့် ပြည်သူ ၁ ဦးကို စစ်သား များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ ပေါင်ရိုးကျိုးသဖြင့် မည်သည့်နေရာမှ ရှောင်နေနိုင် ခြင်းမရှိသူ အမျိုးသားတစ်ဦးနှင့် လေဖြတ်ပြီး ယိုင်နဲ့နဲ့ဖြစ်နေသူ ဦးလေးကြီးတစ်ဦးတို့လည်း စစ်သား က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်ထောက်ခံသူ သံဃာတော် ၁ ပါး နှင့် အခြားသံဃာတော် ၁ ပါး စုစုပေါင်း ဘုန်းကြီး ၂ ပါးကိုလည်း သတ်ဖြတ်ထားကြောင်း၊ အဆိုပါ ကျန်းမာရေးမကောင်းသော သံဃာတော်မှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ အဘိဝံသဘွဲ့ရ ဆရာတော်ဖြစ်ပြီး တရားစာများကို အမြဲတမ်းရွက်ဖတ်ပူဇော်ကာ ကျောင်းဝင်းအ တွင်းတံမြက်စည်းလှည်းခြင်းကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအသတ်ခံရတာက သေချာတယ်၊ ဘုန်းကြီး ၂ ပါးကလည်း အသတ်ခံထားရတယ်။ လက်ရှိ အထိ စစ်ကြောင်းက ရွာထဲမှာရှိနေသေးတယ်။ ပြီးတော့ ရွာထဲမှာလည်း မပြေးနိုင်တဲ့သူတွေ ကျန်နေ သေးတယ်။ ပြည်သူတွေအနေနဲ့ လူစိတ်မရှိတဲ့ စခတွေနဲ့ ဝေးဝေးသာ ရှောင်နေကြပါလို့ပဲ တိုက်တွန်း ချင်ပါတယ်” ဟု ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်သားများက ဖမ်းဆီးလာသည့် ဓားစာခံ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ကျီကုန်းကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး အိမ်ကြီး၊ အိမ်ကောင်းများ ဖြင့် စည်ကားသိုက်မြိုက်စွာတည်ရှိ သည့်ကျေးရွာဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက် ဆီးမှုကြောင့် ကျီကုန်းအနောက်ရွာမှာ ကုန်သလောက်နီးပါးရှိ နေပြီး ကျီကုန်းအရှေ့ရွာမှာ တိတိ ကျကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article