25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ကို လာလည်တဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးကို စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတွေက  ဇူလိုင်လ ၅ ရက်နေ့ ၊ နေ့လယ် ၁ နာရီလောက်က ပစ်သတ်လိုက် တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ဒေသခံ ကာကွယ် ရေးတပ်တွေဟာ ဇူလိုင်လ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီ တပ်ဘက်က အရာရှိ ၁ ဦး နဲ့ တပ်သား ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့သလို  အယာက် ၄၀ကျော် ဒဏ်ရာရ သွားတယ်လို့ Tiger King ပြောက်ကျား တပ်ဖွဲ့ဆီကနေ သိရပါတယ်။

-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးရွာ နဲ့ ရေရှင်ရွာကို အင်အား ၁၂၀ ကျော်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကနေ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက် စီးနင်းခဲ့ပြီး ရေရှင်ရွာသား ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။

– ရန်ကုန်တိုင်း၊ မှော်ဘီလေတပ် စခန်းမှာ ဇွန်လိုင်လ ၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် သားတွေကို လေယာဉ်ပေါ်က ချထားပေးတဲ့ လေထီးခုန် လေ့ကျင်မှုတွေကို လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article