23 C
Yangon

ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်တွင် တာဝန်ကျနေသော စစ်သား ၁ ဦး သေနတ် ၂ လက်ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်တွင် တာဝန်ကျနေသော စစ်သားတစ်ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်အချိန် ရေဦးမြို့၊ ကြာဖူးအဝိုင်းရှိ စစ်တပ်ဂိတ်၌ တာဝန်ကျနေသည့် (တထပ-၂) ရွှေဘိုမှ တပ်သား ကျော်မျိုးသူ က MA-1 အမျိုးအစား သေနတ် ၁ လက်နှင့် G-3 အမျိုးအစား သေနတ် ၁ လက်တို့ကို ယူဆောင်ပြီး ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ အလင်းဝင်ရောက်လာသည့် တပ်သားအား ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်း မွန်စွာ လက်ခံကြိုဆိုထားပြီး ဂုဏ်​ပြုဆုငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက တာဝန်ကျနေတဲ့အချိန်မှာ ထွက်ပြေးလာခဲ့တာပါ။ အလင်းဝင်လာ သူက ၂၀၀၉ ခုနှစ်ကတည်းက တပ်ထဲဝင်ရောက်ခဲ့သူပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်​ပြုဆုငွေ ချီးမြှင့်ဖို့ရှိပါတယ်။ သေနတ် ၂လက်အတွက် သိန်းတစ်ရာဆုချီးမြှင့်မှာပါ။ လက်ရှိမှာ မချီးမြှင့်ရသေးပါဘူး။ အခုလိုမျိုး အမှန်တရားဘက်က ရပ်တည်ရဲတဲ့ နောက်ထပ် တပ်မတော်သားများကို ကြိုဆိုလျက်ပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article