ရန်ကုန်၊ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ဗျူဟာကုန်း အနီးကုလားကျောင်းပေါ်သို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှ စ၍ တော်လှန်ရေး တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ခင်းအစောပိုင်းတွင်လည်း အ.ထ.က ၄ ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“ခွေးတွေက တပ်စွဲထားတာဗျ။ ကုလားကျောင်းပေါ်အရှေ့ပိုင်းဗျ။ PDF ချတာ ။ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာလည်း ဒရုန်းနဲ့ ဗုံး ၃ လုံး၊ ၂ နာရီ ၅ မိနစ်မှာ ဗုံး ၂ လုံး။ပေါက်ကွဲအားတော့ ကောင်းတယ်။ ပေါက်ကွဲသံတော်တော်ကျယ်တယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်ဖးက် စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား တချို့သေဆုံးနိုင်ကြောင်း MDF Drone Team 2 တာ၀န်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီ ၂၃မိနစ်မှ နံနက် ၁၀နာရီအချိန်အထိ မြင်းမူမြို့နယ် ဂွေးပင်တောရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drones များဖြင့် ဗုံး ၄လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး ထက်မနည်း သေဆုံးနိုင်ကာ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ် တိုက်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားကတော့ ၅၀ကျော်တယ်။ ခန့်မှန်းခြေ စစ်ခွေး ၅ကောင်ထက်မနည်းကတော့ သေမှာပဲ။ ဘာလို့ဆိုတော့ ဗုံးတွေကျတဲ့နေရာက သူတို့ စုတဲ့ဘက်တွေကို ကျတာ။ အတိအကျ ရဖို့ကတော့ သူတို့နယ်မြေဆိုတော့ တော်တော်မလွယ်ဘူး။ သူတို့ ဘန်ကာနဲ့ ကားလမ်းကြောပေါ်ကခွေးတွေ အတွက် ပြင်ဆင်ချက်ပြုတ်နေတဲ့ နေရာတွေရော တော်တော်လေးပျက်စီးတယ်။ အစပိုင်းတော့ လက်နက်ငယ်တွေ ဖောက်တာ။ နောက်ကျတော့ လက် နက် ကြီးတွေနဲ့ ပတ်ချာလည်အကုန်ထုတာ လက်နက် က ၁၀လုံးကျော်တယ်”ဟု MDF Drone Team 2 တာ၀န်ခံကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ ၊ မြင်းမူမြို့နယ် ပ.လ.ဖ ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ ၊ Myaung Drone Force MDF (ကျားခင်စိန်) ၊ Justice Warrior တပ်ဖွဲ့ ၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






