“ကျားဖြန့်ကိစ္စကတော့ အရေးတကြီးထားတယ်။ သူတို့လွှတ်တော်မှာတော်တော်လေး ပြင်းပြင်း ထန်ထန်ပြောဆိုကြတယ်။သမ္မတဆီကိုလည်း တင်ထားတယ်။ပြီးတော့ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲရလဒ်အဖြေကိုလည်း သူတို့ လက်ခံမယ်မထင်ဘူး”
အမေရိကန်အခြေစိုက် The Burma Research Institute ၏ ဥက္ကဋ္ဌနှင့် CEO Pu Zo Tum Hmung နှင့်တွေဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ “U.S. Policy on Burma: Opportunities and Challenges” ခေါင်း စဉ် နဲ့ မြန်မာ့အရေး ဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီ ၏ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Ms. Young Kim က ပံ့ပိုးကူညီခြင်း ဖြစ်ပြီး အမေရိကန်အောက် လွှတ်တော် ကိုယ်စားလှယ် Ms. Young Kim (R, California – 40)၊ Mr. Jefferson Shreve (R, Indiana – 6)တို့ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာဘက်ကတော့ ပြည်ထောင်စုလွှတ်တော်ကို ယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နှင့် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးနဲ့ KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးကတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ မြန်မာနိုင်ငံမှ ကျားဖြန့် ကိစ္စ ၊ စစ်တပ်ကပြုလုပ်မယ့်အတုယောင်ရွေးကောက်ပွဲကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ် သိရအောင် အစည်းအဝေးကို အဓိက တာဝန်ယူခဲ့တဲ့ The Burma Research Institute (BRI) မှ ပူးဇိုသုန်းမှုန်နဲ့ ဆက်သွယ်မေးမြန်ထားတာကို တင်ဆက်လိုက်ရပါတယ်။




