မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ် လက်ပံတိုရေနံမှော်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သွားတာပါ။ နေအိမ်တွေ မီးလောင် ပျက်စီးသွားတယ်။ ပေါက်၊ မြိုင် အစပ် လက်ပံတို ရေနံမှော်ဒေသကို ဗုံး ၂လုံး ကျဲသွားတာပါ။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိ ပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ရှိ ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









