32 C
Yangon

ရန်ကုန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် လုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲသို့ မင်းအောင်လှိုင် လာတက်မည်ဖြစ်၍ လုံခြုံရေး အထူးတင်းကျပ်၊ ရတနာပုံသင်္ဘောစီး၍ မြစ်ထဲ လှည့်လည်မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် လုပ်မည့် ရေ တပ် နှစ်ပတ်လည်ပွဲသို့ မင်းအောင်လှိုင် လာတက်မည်ဖြစ်၍ လုံခြုံရေး အထူးတင်းကျပ်ကြောင်း ရေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်း ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ပြုလိုက်မည့် ရေတပ်နှစ်ပတ်လည်ပွဲကို အကြမ်းဖက် မင်းအောင်လှိုင် လာရောက်မည်ဖြစ်၍ လမ်းဘေးဈေးသည်များပါ မကျန် ရှင်းလင်းရေး လုပ်ဆောင်နေပြီး အခမ်းအနားပွဲအတွက် ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်မြစ်အတွင်း လုံခြုံရေး ကင်းပုန်းများ ချထားကြောင်း ရေတပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သန်လျက်စွန်း ဧရာဝတီ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်းတွင် ပြုလုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲတွင် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ လည်း ကျင်းပမည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်က ရတနာပုံသင်္ဘောဖြင့် ရန်ကုန်မြစ်အတွင်း လှည့်လည်ရန်လည်း ရှိနေကြောင်း သိရှိရသည်။

“ရေတပ်နှစ်ပါတ်လည်ပွဲကို ဒီဇင်ဘာ ၂၄ရက်နေ့မှာ ကျင်းပမယ်။ ဗိုလ်တထောင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ဘောလုံးကွင်းမှာလုပ်မယ်။ ဘောလုံးကွင်းထဲမှာ ဈေးရောင်းပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲလုပ်မယ်လို့ သိရတယ်။ နှစ်တိုင်းကျင်းပတာက မင်းအောင်လှိုင် သန်လျင်မှာ တပ်တော်ဝင်တယ်။ သန်လျင်ဆိပ်ကမ်းကနေ ရတနာပုံသင်္ဘောနဲ့ သံလျက်စွန်းကို အဖွဲ့လိုက်လာပြီး ဈေးပွဲတော်ကို ကြည့်ပြီးပြန်မယ်။ အခုတော့ သံလျက်စွန်းမှာပွဲအတွက် ပြင် ဆင်နေကြတယ်။ လုံခြုံရေးကတော့ တင်းကျပ်ထားတယ်။ အခုက လမ်းဘေးဈေးသည်တွေနဲ့ ကမ်းနားမှာ ညအိပ်သူတွေပါ စစ်တပ်က ရှင်းလင်းရေး လုပ်နေတယ်။ ညတိုင်းကို စစ်ကားတွေနဲ့ ကင်းလှည့်နေတာ။ ဒီနှစ် သန်လျင်တပ် နယ်မှာ ရေတပ်သင်္ဘောတွေ တပ်တော်ဝင်မယ့် အစီအစဉ်မပါတော့ဘူး” ဟု ရေတပ်သတင်းရင်းမြစ်က ဆိုသည်။

ယခင် ၂၀၂၃ ခုနှစ်တွင် ရေတပ်အခမ်းအနားပွဲသို့ လုံခြုံရေးအရ ပွဲ ကျင်းပရန် ပြင်ဆင်ပြီးမှ ပွဲကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်ရေတပ် အခမ်းအနားသို့ မင်းအောင်လှိုင်က တိတ်တဆိတ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article