25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်က တရုတ်နိုင်ငံနဲ့ပေါင်ပြီး ပြန်လည် စတင်ဖို့လုပ်နေတဲ့ ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရင် ကန့်ကွက်တဲ့ပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ အမိန့်ထုတ်ထားတဲ့ အချိန်မှာပဲကချင်ပြည်သူတွေက အဲ့ဒီ့ မြစ်ဆုံစီမံကိန်းကို ပထမဆုံး စတင်ကန့်ကွက်လာကြပါတယ်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန််းမှုအတွင်း စစ်တပ်ဘက်က တပ်သား ၂၃ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ တိုက်ပွဲအတွင်းကနေ တော်လှန်ရေးတပ်တွေ ရှိရာဘက်ကို အလင်းဝင်ဖို့ထွက်ပြေးလာတဲ့ စစ်သား ၄ ဦးကိုလည်း သူတို့အချင်ချင်းပစ်သတ် ခဲ့ကြတယ်လို့ မြိုင် ပကဖ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်းက စလင်း နဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေပြီး အရပ်သား ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ဗုံတွေဆက်တိုက်ကျဲချ သွားမှုကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာတွေရထားသလို တိုက်ပွဲတွေလည်းဖြစ်ပွားနေတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article