26 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ဟာ မဲပေးသူ ဦးရေ နည်းပါးစွာနဲ့ ပြီးဆုံးခဲ့တဲ့အကြောင်း ရိုက်တာ၊ CNN အပါအဝင် နိုင်ငံတကာသတင်းဌာနအများစုက ဖော်ပြထားကြပါတယ်။
  • အကြမ်းဖက် စစ်တပ်က လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာပဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကျားဖြူပါတီရဲ့ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ဆိုသူက ကြံ့ဖွတ်ပါတီဟာ ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိလို့ လုံး၀ လက်မခံဘူးဆိုပြီး ကန့်ကွက်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက် နေတဆင့် ထုတ်ဖော်ပြောဆိုလာပါတယ်။
  • ကရင်ပြည်နယ်က ဖာပွန်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ တပ်ရင်း ၃ ခုနဲ့ တပ်စခန်းပေါင်း ၄ ခုကို အပြီးသတ်သိမ်းပိုက်ထားတဲ့ KNLA ပူးပေါင်းတပ်တွေက နောက်ထပ် စစ်တပ်ရဲ့ ဖာပွန် ဗျူဟာစခန်းကိုပါ ၅ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို စစ်တပ်က လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန်ခုခံနေရတဲ့ အခြေနေဖြစ်နေတယ်လို့ နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • နေပြည်တော် လယ်ဝေးမြို့နယ်နဲ့ ပဲခူးတိုင်း ရေတာရှည် မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရွေးကောက် ပွဲ ပြုလုပ်နေတဲ့အချိန် မြို့ဝင်ဂိတ်နဲ့ အမှတ် ၅ လေ့ကျင့်ရေးတပ် တို့ကို တော်လှန်ရေး တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိထားပြန်တဲ့အပြင် မဲလာပေးတဲ့သူလည်း အင်မတန်နည်းပါးခဲ့ပြီး မြို့ပါ တိတ်ဆိတ်ခြောက်ကပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article