မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် စကခ ၁၉ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း တပင်ရွှေထီး ကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ရေးမြို့အခြေစိုက် စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် မောင်အောင်သက်ဦး၊ မောင်ကျော်မင်းစိုးတို့ကို တပ်အတွင်းထွက်ပြေးလာစဥ် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ရဲဘော်များက လမ်းပိုင်းတစ်နေရာတွင် အရှင်ဖမ်းမိခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သော စစ်မှုထမ်း တပ်သားသစ် အသက် ၂၃ နှစ်အရွယ် မောင်အောင်သက်ဦးမှာ သထုံမြို့ မှဖြစ်ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် အသက် ၂၂ နှစ်အရွယ် မောင်ကျော်မင်းစိုးမှာမူ သထုံမြို့နယ်၊ တောင်ကြားကျေးရွာအုပ်စု၊ ရွာကြားရွာမှ ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်းများဖြစ်ကြောငး အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်မှုထမ်းတပ်သားများ ဖြစ်လာသူများဖြစ်ကြောင်း သိရှိရသည်။
“ရေးမြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှထွက်ပြေးလာတဲ့ ပစ ၂ဦးကို ကျနော်တို့တပ်ဖွဲ့ လမ်းမှာ စစ်ဆင်ရေးတစ်ခုသွားနေတဲ့ အချိန်ဖမ်းမိတာပါ။ သူတို့နှစ်ဦးကို ဖမ်းဆီးရမိတာတော့ လက်နက်တော့မပါဘူး။ လက်ရှိမှာ သူတို့နှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုနဲ့ ခေါ်ထားပါတယ်။ စစ်ခွေးတွေနဲ့ ပစတွေအ နေ နဲ့ အခုချိန်ထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ အချိန်မှီပါသေးတယ် ” ဟု တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ စစ်မှုထမ်းတပ်သားသစ် ၂ ဦးကို လက်ရှိအချိန်တွင် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူသားချင်း စာနာမှုထောက်ထားခြင်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




