25 C
Yangon

ဝက်လက်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး မြေပြင်စစ်ကြောင်းကလည်း ကျေးရွာပေါင်း ၂၀ နီးပါးကို ဝင်ရောက် စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့ အနောက်ဘက် လိန်ပင်ရွာ အနီးတဝိုက်သို့ တံတားဦးလေ တပ်တက်လာသော အကြမ်းဖက် စစ်တပ်၏ J-Fighter ၁ စီးက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်ထိ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော သစ်ဆိပ်ရွာ ၊ လှေ့ပိုဆိပ်ရွာ ၊ ရွာသစ်ရွာ အနောက်ဘက်ရှိ တောတဲကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီး နှင့် Mi-35 တိုက် ခိုက်‌ရေး ရဟတ်ယာဉ် ၁ စီးက လေ ကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများက ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားရွာမှ ထွက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း နှင့် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာမှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတို့သည်လည်း ဧရာဝတီမြစ်ကမ်းဘေးနှင့် အမှတ် ၃ ကားလမ်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က စစ်ခွေးတွေ လေကြောင်းတိုက်ခိုက်သွားတဲ့ နေရာက ပြည်သူတွေ နေထိုင်တဲ့ နေရာဆိုပေမယ့် စစ်ခွေးစစ်ကြောင်းရှိလို့ ပြည်သူတွေကရှောင်နေရကျတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ အခုဝက်လက်မြို့နယ်ထဲမှာ မြေပြင် စစ်ခွေးစစ်ကြောင်းကလည်း စစ်ကြောင်း ၂ ကြောင်းနဲ့ထိုးနေလို့ ဧရာဝတီမြစ်ကမ်းဘေးနဲ့ အမှတ် ၃ ကားလမ်းအနီးက ကျေးရွာတွေ အကုန်တိမ်းရှောင်နေရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က အညာဒေသမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်က အညာဒေသမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article