ဒီကနေ့ ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က သူတို့လုပ်တဲ့ရွေးကောက်ပွဲအတုကြီးအတွင်း စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ဖွတ်သာအနိုင်ရအောင် ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကြံ့ဖွတ်ပါတီက အများစု အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်ဟာ တပ်တွင်း အပြောင်း အလဲတွေ စလုပ်နေပြန်သလို ၊ ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကိုလည်း ပြန်ခေါ်ပြီးတော့ ရေတပ်က ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးကို အရပ်ဘက် ပြောင်းရွှေ့ဖို့လုပ်နေပြန်တယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောထားသလို CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အိုးမြေတူး ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၅ ဦးကတော့ ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်သား ၃ ဦးကိုပါ အရှင်ဖမ်းမိထားရုံတင်မက လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ ထနောင်း PDF စစ်ကြောင်း တပ်ရင်းအမှတ် (၈၀၅) ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို နှစ်သစ်ကူး ညပိုင်းမှာတင် အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်သွားမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




