25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် မဟာမိတ်တပ်ပေါင်းစု ပေါ်ပေါက်လာရေးကို ကြိုးပမ်းနေပြီး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်သွားကြဖို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုလာပါတယ်။
  • ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ဒိုးတန်းကျေးရွာ ၊ ခင်တန်းလေး ကျေးရွာ နဲ့ အိုးမြေဒူးကျေးရွာ ၃ ခုစလုံးက တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုအပြင် စစ်ကူလာတဲ့ စစ်ကြောင်းကိုပါဖြတ်တောက် တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က စစ်သား အယောက် ၄၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင်၊နောက်ထပ် စစ်သား ၃ ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော်PDF တိုင်းစစ်ဌာန ဆီကနေ သိရပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ အကျဉ်းသား အယောက် ၁၁၀ ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ NUG က ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article