ရန်ကုန်၊ ဇန်နဝါရီ ၁
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲ စစ်ရေးအရှိန်မြှင့်မည်ဖြစ်ပြီး ဂန့်ဂေါခရိုင်စစ်ဌာနမှ အင်အား ၅၀၀ ကျော် ကချင်နှင့်မကွေးစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေကြောင်း ဂန့်ဂေါခရိုင် စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဂန့်ဂေါခရိုင်စစ်ဌာန အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်တွင် ရှိပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်း မြို့နယ်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့နယ်တို့ရှိ စစ်မျက်နှာများတွင် တပ်ဖွဲ့ဝင် ၅၀၀ ကျော်ဖြင့် တာ ဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ တပ်ရင်း နယ်မြေများအလိုက် နောက်တန်း နေရာအသီးသီးတွင်လည်း တာဝန်ကိုယ်စီရယူပြီး တော်လှန်ရေးတာဝန်ကိုကြိုးစားထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
“NUG MoD ရဲ့ကွက်ကဲမှုအောက်ကနေ ၂၀၂၆ ခုနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့အတွက် ဒေသ တွင်း တော် လှန်ရေးအဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့အတူ လက်တွဲညီညီနဲ့ ဆက်လက်ကြိုးစားသွားပါ့မယ်။ ကျနော်တို့ ဂန့်ဂေါခရိုင် စစ်ဌာန အတွင်းမှာ ရှိတဲ့ တပ်ရင်း ၊ တပ်ဖွဲ့တွေအားလုံးက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတာ အင်အား ၅၀၀ ကျော်ရှိပါတယ်။ အဓိကတော့ ရဲဘော်တွေအတွက် ကျည်ကာနဲ့ ကျည်ကာ ဦးထုပ်တွေ လိုအပ် ပါတယ်” ဟု ဂန့်ဂေါခရိုင် စစ်ဌာနမှ တာဝန်တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ဂန့်ဂေါခရိုင် စစ်ဌာနအနေဖြင့် ဖြတ်သန်းခဲ့ရသည့် နှစ်ဟောင်းမှ အခက်အခဲများကို တော်လှန်ပြည်သူ များ၏ ခိုင်မာသော ထောက်ပံ့မှု၊ ယုံကြည်မှုများဖြင့် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူလူထု အားလုံး မျှော်လင့်တောင့် တနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးပေါ် ပေါက်လာရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော ဂန့်ဂေါခရိုင်စစ်ဌာနမှ တပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









